![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3_25.png?itok=9znHMXFo)
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူး ပေါင်း၍ (၅.၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊အမှတ်(၁)ရပ်ကွက် အတွင်းရှိ အသင့်စားသောက်ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်စည်များ တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်၊ တားမြစ်ဆေးဝါးများသုံးစွဲခြင်းရှိ/မရှိတို့ကို စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး၊စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ အကြောင်းနှင့် တားမြစ်ချက်များအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့်သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်စသည် တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ စားသောက် ကုန်စည်အရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရပါသည်။
DOCA(ဧရာဝတီ)