
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများကို (၆.၂.၂၀၂၅) နံနက်ပိုင်းက ဓနုဖြူမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့်သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက် ( ၄ )ခု၌ အသင့်စားမုန့် အမျိုးမျိုးနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဓနုဖြူမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် တာဝန်ရှိသူ အသီးသီးတို့က ဈေးကွက်အတွင်း ရောင်းချနေသော အသင့်စား မုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများကကန့်သတ် တားမြစ်ထားသည့် မုန့်များ ရောင်းချခြင်း ရှိ/မရှိ၊စားသုံးသူ ဘေးအန္တရာယ် ဖြစ်စေနိုင်သော မုန့်များရောင်းချနေမှုရှိ/မရှိတို့အား စစ်ဆေးခြင်းနှင့် သတ်မှတ် စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့် များကိုသာ ဈေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် ဈေးကွက်အတွင်း ရောင်းချခြင်း မပြုသည့် မုန့်များကို ရှောင်ရှားကြရန်နှင့် ကုန်စည်များတွင် သက်ဆိုင်ရာခွင့်ပြုထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ သတ်မှတ်ကုန်စည်အုပ်စုအလိုက် ဖော်ပြချက်အတိုင်း ကိုက်ညီမှု မရှိသော ကုန်စည်များကို ရောင်းချခြင်းမျိုးစစ်ဆေးတွေ့ရှိရပါက စားသုံးသူ ကာကွယ်ရေးဥပဒေအရ ပြစ်မှု ၊ပြစ်ဒဏ်များအကြောင်းကို ဆိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ ကြောင်းသိရသည်။
DOCA (ဧရာဝတီ)