Main menu

ကျိုင်းတုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ် ရည်ညွှန်းဈေးအတိုင်းရောင်းချနေမှုရှိ/မရှိ၊ စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိနှင့် စက်သုံးဆီလက်ကျန် အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံး ဆီလက်ကျန်အနေဖြင့် စက်သုံးဆီများလုံလောက်စွာသိုလှောင်ထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး အတွင်းသာရောင်းချကာ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေးအလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာရောင်းချရန် အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)