![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/12_67.jpg?itok=YqYgtt_O)
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် တောင်ကြီးမြို့နယ် ၊ အခြေခံပညာ အထက်တန်းကျောင်း(ပလီလင်း)၌စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ဟောပြောပွဲတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၁၀)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယ ဦးစီးမှူး ဦးဇော်ဇော်လတ်က စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာ ပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ် ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသား ပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့်ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ပါသည်။ ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးအပ်ကာ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၁၁:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
DOCA(ရှမ်း)