စားသုံးသူရေးရာဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်တင်တင်အေး ဦးဆောင်သော ဝန်ထမ်းများသည် ဖေဖော်ဝါရီလ (၃)ရက်နေ့၊ နံနက်(၁၁:၃၀) အချိန်တွင် တောင်ကြီးမြို့နယ် ၊အခြေခံပညာအထက်တန်း ကျောင်း(ပလီလင်း) ကျောင်းမုန့်ဈေးတန်းများ အား သွားရောက်စစ်ဆေးခဲ့ပါသည်။
အဆိုပါဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ၊ စားသုံးသူ ဘေးအန္တရာယ် ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်ထားသော စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော အစားအသောက်များကိုသာ တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)