![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3_151.jpg?itok=BhSba_oY)
၈.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင် မြို့နယ် တာဝန်ခံဦးမြင့်အောင်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ဝိဇ္ဇာလမ်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရောင်းချနေသော ကုန်စုံဆိုင်နှင့် အထည်ဆိုင်လုပ်ငန်းရှင်များအား (၂၅)ဦးခန့် နှင့် တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ၊ လုပ်ငန်းရှင်၏တာဝန် ဝတ္တရား များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီးဝန်ဆောင်မှုများအကြောင်း၊ အရေးကြီး ဝန်ဆောင်မှု Online Sale လုပ်ငန်းများ မှတ်ပုံတင်ခြင်း နှင့်ပတ်သက်၍ လည်း ဟောပြော ဆွေးနွေး ခဲ့ပါသည်။
DOCA(ဧရာဝတီ)