Main menu

ငပုတောမြိုနယ်ရှိ စဉ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်အဆင့်ဆင့်ပွားသင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ နှင့် Online Sale မှတ်ပုံတင်ခြင်း ဆိုင်ရာများ ဟောပြောပို့ချခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လျာထားချက်များထား၍ အခြေခံပညာကျောင်းများ ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ၊ ကောလိပ် များနှင့် သိပ္ပံများ စသည့်နေရာများထံသို့ စားသုံသူအသိပညာပေး ဖြန့်ဝေ သည် လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၈.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီး ဌာန၊ ငပုတောမြို့နယ် တာဝန်ခံ ဒေါ်ချယ်ရီမြင့် နှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ရှိသော အခြေခံပညာအထက်တန်း(မြို့မ)ကျောင်းတွင် ကျင်းပသည့် စဉ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်အဆင့်ဆင့်ပွားသင်တန်းသို့ တက်ရောက်လာသော ဆရာ/ဆရာမ (၆၀)ဦးခန့်နှင့် တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ လုပ်ငန်း စားသုံးသူအခွင့် အရေးများ နှင့် တိုင်ကြားနိုင်သည့် နည်း လမ်းများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြချက်များ၊ စားသုံးသူတို့၏ တာဝန်နှင့်ဝတ္တရားများ နှင့် အရေးကြီးဝန်ဆောင်မှု Online Sale လုပ်ငန်းများ မှတ်ပုံတင်ခြင်း နှင့်ပတ်သက်၍ လည်း ဟောပြောဆွေးနွေး ခဲ့ပါသည်။

DOCA(ဧရာဝတီ)