Main menu

သာပေါင်းမြို့နယ်ရှိ ကုန်မျိုးစုံရောင်းချနေသောလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာများ ဟောပြောပို့ချခြင်း

Powered by Drupal

 (၄.၂.၂၀၂၅) ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ သာပေါင်းမြို့နယ် တာဝန်ခံ ဦးထွန်းမင်းလတ် နှင့်  ခေါင်းဆောင်သောအဖွဲ့သည် သာပေါင်းမြို့ နယ်၊ လင်းတကျကျေးရွာတွင် ကုန်မျိုးစုံရောင်းချနေသော လုပ်ငန်းရှင် များ နှင့် စားသုံးပြည်သူ (၁၀၈) ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏ တာဝန်နှင့် ဝတ္တရားများ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှု အခြေ အနေများ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြ ချက်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ် ကြေညာ ထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီးဝန်ဆောင်မှုများ အကြောင်း ၊  အရေးကြီး ဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူ ဆောင်ရွက် နေမှုအခြေအနေများ ကိုလည်း ဟောပြော ဆွေးနွေးခဲ့ပါ သည်။

DOCA(ဧရာဝတီ)