Main menu

ဘိုကလေးမြို့နယ်ရှိ အ.လ.က(ခွဲ)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ဟောပြောပို့ချခြင်း

Powered by Drupal

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ရန်ရည်ရွယ်၍(၆.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဘိုကလေးမြို့နယ် တာဝန်ခံ ဒေါ်ခင်စန်းအေး နှင့်  ခေါင်းဆောင် သောအဖွဲ့သည် ဘိုကလေး မြို့နယ်ရှိ အ.လ.က(ခွဲ)ကျောင်းတွင် တာဝန် ထမ်းဆောင် နေသော ကျောင်းသား/ ကျောင်းသူ နှင့် ဆရာ/ဆရာမ ဦးရေ စုစုပေါင်း (၁၉၄) ဦးခန့်တို့အား စားသုံးသူ ကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ နှင့် လုပ်ငန်းရှင် တို့၏တာဝန်များ၊ စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် နည်းလမ်း များ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထား သည့် အရေးကြီးကုန်စည်နှင့် အရေးကြီး ဝန်ဆောင်မှုများအကြောင်း ၊  အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူဆောင်ရွက်နေမှု အခြေအနေများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြ ချက်များ ကိုလည်း ဟောပြော ဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)