Main menu

ဖျာပုံမြို့နယ်ရှိ စည်ပင်ဈေးခေါင်းရုံးတွင် ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာများ ဟောပြောပို့ချခြင်း

Powered by Drupal

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ရန်ရည်ရွယ်၍(၅.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဖျာပုံမြို့နယ် တာဝန်ခံ ဦးမင်းဇော် နှင့်  ခေါင်းဆောင်သော အဖွဲ့သည် ဖျာပုံမြို့နယ်ရှိ စည်ပင်ဈေးခေါင်းရုံးတွင် ဈေးများအတွင်း၌ ကုန်စုံဆိုင်ဖွင့်လှစ် ရောင်းချနေသော လုပ်ငန်းရှင် (၂၆) ဦးခန့်တို့အား ဖိတ်ကြား၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက် ပါ စားသုံးသူ နှင့် လုပ်ငန်းရှင်တို့၏ တာဝန်များ၊ စားသုံးသူအခွင့် အရေးများ ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီး ဝန်ဆောင်မှုများ အကြောင်း ၊  အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူဆောင်ရွက်နေမှုအခြေအနေများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေ အနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ ကိုလည်း ဟောပြော ဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)