![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/4_26.png?itok=bnF0M0Ci)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေး လုပ်ငန်းများအား ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်ရန်ရည်ရွယ်၍ (၄.၂.၂၀၂၅) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးမှ တာဝန်ရှိသူများ နှင့် ပူးပေါင်း၍ စားသုံးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ နှင့် အရေးကြီးဝန်ဆောင်မှု Online Sale လုပ်ငန်းများ မှတ်ပုံတင် ဆောင်ရွက်မှုများ ခေါင်းစဉ် နှင့် Talk Show ဆွေးနွေးမှုကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးသည့် အစီအစဉ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ စားသုံးသူအခွင့် အရေးများ ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီး ဝန်ဆောင်မှုများ အကြောင်း ၊ အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူ ဆောင်ရွက်နေမှုအခြေအနေများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေ အနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ ကိုလည်း ဆွေးနွေး ခဲ့ပါသည်။
DOCA(ဧရာဝတီ)