Main menu

ရေကြည်မြို့နယ်တွင် Online Sale လုပ်ငန်းများ မှတ်ပုံတင်ခြင်းအပါအဝင် စားသုံးသူ ကာကွယ်ရေး ဆိုင်ရာအသိပညာများ အား Talk Show ဆောင်ရွက်ခြင်း

Powered by Drupal

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေး လုပ်ငန်းများအား ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်ရန်ရည်ရွယ်၍ (၇.၂.၂၀၂၅) ရက်နေ့တွင် ရေကြည်မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီ မြင့်သည် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးမှ တာဝန်ရှိသူများ နှင့် ပူးပေါင်း၍ စားသုံးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ နှင့် အရေးကြီးဝန်ဆောင်မှု Online Sale လုပ်ငန်းများ မှတ်ပုံတင် ဆောင်ရွက်မှုများ ခေါင်းစဉ် နှင့် Talk Show ဆွေးနွေးမှုကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးသည့် အစီအစဉ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ စားသုံးသူအခွင့် အရေးများ ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီး ဝန်ဆောင်မှုများ အကြောင်း ၊  အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင်လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူ ဆောင်ရွက်နေမှုအခြေအနေများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအခြေအနေများ၊ ကုန်အညွှန်း အမှတ်အသား ဆိုင်ရာဖော်ပြချက်များ ကိုလည်း  ဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)