![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6_26.png?itok=VTznITkd)
(၄.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဘိုကလေးမြို့နယ် တာဝန်ခံ ဒေါ်ခင်စန်းအေး နှင့် ခေါင်းဆောင်သောအဖွဲ့သည် ဘိုကလေး မြို့နယ်ရှိ အ.လ.က(၂)ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းသား/ ကျောင်းသူ နှင့် ဆရာ/ဆရာမ ဦးရေ စုစုပေါင်း (၂၃၀) ဦးခန့်တို့အား စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက် ပါ စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ နှင့် လုပ်ငန်းရှင်တို့၏ တာဝန်များ၊ စားသုံးသူအခွင့် အရေးများ ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီး ဝန်ဆောင်မှုများ အကြောင်း ၊ အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူဆောင်ရွက်နေမှုအခြေအနေများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေ အနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ ကိုလည်း ဟောပြော ဆွေးနွေး ခဲ့ပါ သည်။
DOCA(ဧရာဝတီ)