Main menu

ညောင်တုန်းမြို့နယ်၊ ငါးသန့်ချောင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လျာထားချက်များထား၍ အခြေခံပညာကျောင်းများ ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ၊ ကောလိပ် စသည့် နေရာ များထံသို့ စားသုံသူအသိပညာပေး ဖြန့်ဝေသည်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ညောင်တုန်းမြို့နယ်တာဝန်ခံ ဦးအောင်လွင် နှင့်  ခေါင်းဆောင်သော အဖွဲ့သည် (၃.၂.၂၀၂၅) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ငါးသန့်ချောင်း ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်း သား/ ကျောင်းသူ ဦးရေ(၆၅)ဦးခန့်အား စားသုံးသူအခွင့်အရေးများ နှင့် တိုင်ကြားနိုင်သည့် နည်း လမ်းများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ နှင့် စားသုံးသူတို့၏ တာဝန်နှင့်ဝတ္တရား များကိုလည်း ဟောပြော ဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)