![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3_29.png?itok=ih0Iajd3)
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လျာထားချက်များထား၍ အခြေခံပညာကျောင်းများ ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ၊ ကောလိပ် စသည့် နေရာ များထံသို့ စားသုံသူအသိပညာပေး ဖြန့်ဝေသည်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၃.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုး နှင့် ခေါင်းဆောင်သော အဖွဲ့သည် ဓနုဖြူမြို့နယ်၊ မိုးသပြု ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်း သား/ ကျောင်းသူ နှင့် ဆရာ/ဆရာမ ဦးရေ(၃၄၁)ဦးခန့်အား စားသုံးသူအခွင့်အရေးများ နှင့် စားသုံးသူအခွင့်အရေးများချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် နည်း လမ်းများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ၊ စားသုံးသူတို့၏ တာဝန်နှင့်ဝတ္တရား များ၊ အရေးကြီးကုန်စည်နှင့်အရေးကြီးဝန်ဆောင်မှုများ အကြောင်း နှင့် အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင်လျှောက်ထားမှုဆိုင်ရာများ ကိုလည်း ဟောပြော ဆွေးနွေး ခဲ့ပါ သည်။
DOCA(ဧရာဝတီ)