စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ (၃.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး နှင့် ခေါင်းဆောင်သော အဖွဲ့သည် မအူပင်မြို့နယ်ရှိ အစိုးရနည်းပညာ အထက် တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ နှင့် ဆရာ/ဆရာမ ဦးရေ(၂၂၀)ဦးခန့်အား စားသုံးသူအခွင့်အရေးများ နှင့် စားသုံးသူအခွင့်အရေးများ ချိုးဖောက် ခံရပါက တိုင်ကြားနိုင်သည့် နည်း လမ်းများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ၊ စားသုံးသူတို့၏ တာဝန်နှင့်ဝတ္တရား များ၊ အရေးကြီးကုန်စည်နှင့်အရေးကြီးဝန်ဆောင်မှုများ အကြောင်း နှင့် အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင်လျှောက်ထားမှုဆိုင်ရာများ ကိုလည်း ဟောပြော ဆွေးနွေး ခဲ့ပါ သည်။
DOCA(ဧရာဝတီ)