![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/1_220.jpg?itok=GpsMEaaV)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးထွန်း(ဦးစီးအရာရှိ)၊ ဦးဆောင်သည့် စစ်ဆေးရေး အရာရှိများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၇-၂-၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မန္တလေးမြို့ပေါ်ရှိ ကုန်ပစ္စည်း အရောင်းဆိုင်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ၌ မန္တလေးတိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော ကုန်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈)ပါ ကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အချက်အလက်များအား အကျယ် တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့် အခြေ အနေများအား အသိပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)