![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8_100.jpg?itok=uGXGYLXJ)
(၁၀.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၁၀)အချိန်၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲ တာဝန်ခံပါ၂ ဦး၊ မြို့မဈေးတာဝန်ခံပါ(၃)ဦးတို့သည် ဈေးအတွင်းရောင်းချနေသော ဆပ်ပြာမှုန့် အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် တိုက်ကြီးမြို့မဈေးမှ ကုန်စုံဆိုင်(၄)ဆိုင်တွင် ရောင်းချနေသော ဆပ်ပြာမှုန့်များမှာ စူစက်၊ E-LAN၊ Gold၊ Win စသည့်အမျိုးအစား(၄)မျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါရှိပြီး အမျိုးအစားတွင် ဆပ်ပြာမှုန့်ဟုလည်းကောင်း ပါဝင်သော အလေးချိန်တွင် ဂရမ်တို့ကိုလည်း မြန်မာလို ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ယခုကဲ့သို့သတ်မှတ်ချက်များနှင့် ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)