![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/1_224.jpg?itok=C7cDnETe)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးသည် ၁၀.၂.၂၀၂၅ ရက်နေ့က စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မအူပင်မြို့ တာပါတ်အရှေ့ ကျေးရွာ ဓမ္မာရုံတွင် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင် (၁၂)ဦးနှင့်တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေးခြင်း ဟောပြော ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်အကြောင်း ကိုလည်းကောင်း ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ကုန်စည်အုပ်စု အလိုက် သတ်မှတ်ချက်များအတိုင်း ဖော်ပြပါဝင်သော ကုန်စည်များကို ဈေးကွက်အတွင်း ရောင်းချရန်၊ ဈေးကွက်ဖြန့်ချီသည့်အခါ ဌာနဆိုင်ရာများ သတ်မှတ်ချက်အတိုင်းလိုက်နာ ဆောင်ရွက် သည့် ဘေးအန္တရာယ်ကင်းစွာ ထုတ်လုပ်ဖြန့်ချီတင်သွင်းရောင်းချရန်၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် စီးပွားရေးလုပ်ငန်းရှင် သိကောင်းစရာများနှင့် ပတ်သက်၍ အသေးစိတ်ရှိလိုပါက Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းစသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းရှင်တို့ လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များကို ဂရုပြုလိုက်နာဆောင်ရွက်ရန်တို့ကို လုပ်ငန်းရှင်များသိရှိနိုင်စေရန် အသိပညာပေးခဲ့ကြောင်း သိရပါ သည်။
DOCA (ဧရာဝတီ)