Main menu

ရတနာသိင်္ဂီ ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဆန်စက်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ဆန်စက်များသို့ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူး ရောင်းချရာတွင် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေးအတွက် အသိပညာပေး ဆွေးနွေးခြင်းကို ၁၁.၂.၂၀၂၅ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ရတနာသိင်္ဂီဆန်စက်သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာ ဦးစီးဌာနမှ ဦးဝင်းမင်းစိုး ဦးစီးအရာရှိက ဆန်စက်လုပ်ငန်းရှင် ဦးလှဦးနှင့် တွေ့ဆုံ၍ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူး ရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်း တွင်  လက်ရှိ ဆန်လက်ကျန် ၄၀၀အိတ် ဧည့်မထ ဆန်နှင့်၊ စပါးလက်ကျန် ဧည့်မထ ၁၀၀၀၀ တင်း ရှိပြီး တစ်နေ့ကို (၁၅)တန်ကျ စပါးကြိတ်ခွဲလျှက်ရှိပြီး မနက်(၆)နာရီမှ ညနေ (၆)နာရီအထိ လည်ပတ် နေပြီး ဒေသတွင်း ရည်ညွှန်းဈေးဖြင့် ရောင်းချပေးလျှက်ရှိကြောင်းနှင့် ဒေသတွင်း ဖြန့်ဖြူးပြီး ရန်ကုန် သို့လည်း တင်ပို့ကြောင်းကို လုပ်ငန်းရှင်မှ ရှင်းလင်းပြောပြပြီး ဆန်စက်ဖွံ့ဖြိုးတိုး တက်စေရေး အတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)