Main menu

မအူပင်မြို့နယ်အတွင်းရောင်းချနေသော ဘဲဥ ဈေး အနည်းငယ်ကျဆင်း ကြက်ဥဈေး တည်ငြိမ်ဆဲ

Powered by Drupal

          မအူပင်မြို့နယ်အတွင်းရှိ ရောင်းချနေသော  ဘဲဥများ ဖော်ဖော်ဝါရီလ ဆန်းပိုင်း အတွင်း အနည်းငယ်ကျဆင်းလာကြောင်း တွေ့ရှိရသည်။ မအူပင်တွင် ဥစားကြက်ခြံ (၁၇၁)ခြံရှိပြီး၊ ဘဲမွေးမြူရေးခြံ (၈၀)ခြံ ရှိကြောင်း သိရသည်။ ပြည်သူများသည်  ကြက်ဥ၊ ဘဲဥ များကို အဓိက ဟင်းတစ်မယ် အဖြစ်စားသုံးကြသည်။ ကြက်ဥပြုတ်၊ ဘဲဥကျော် များကို နံနက်စာအဖြစ်လည်း စားသုံး ကြပြီး မြို့နယ်တွင်း ပြည်သူများ စားသုံးနိုင်ရန် ကြက်ဥ၊ ဘဲဥများကို   မအူပင်၊ ညောင်တုန်းမြို့ နယ် အတွင်းရှိ မွေးမြူရေးခြံများမှ မှာယူ၍ ဈေး၊ ကုန်မျိုးစုံဆိုင်၊ ရပ်ကွက်လက်လီ ဆိုင်များမှာ ရောင်းချ ကြပြီး ကြက်ခြံ၊ ဘဲခြံများမှ လက်ကားဈေး အနည်းငယ်ကျဆင်းကြောင်းသိရပြီး မိမိတို့ မြို့နယ်အတွင်းမှ မွေးမြူသော ကြက်ဥ၊ ဘဲဥများကို အခြားဒေသများသို့ တင်ပို့ ရောင်းချလျက် ရှိပါသည်။

               ၂၀၂၄ခုနှစ် ၁၁ပိုင်းခန့်က ကြက်ဥ၊ ဘဲဥဈေး မြှင့်တက်လာ၍ သက်ဆိုင်ရာဌာနများက လုပ်ငန်းရှင်များဖြင့် ချိတ်ဆက်၍ နေရာဒေသရပ်ကွက် အသီးသီးတွင် သတ်မှတ်ချက်နှင့်အညီ ပြည်သူ များကို ကြက်ဥ၊ ဘဲဥ၊ သား၊ငါး နှင့် ဆီ၊ ဆန်များကို နေ့စဉ် ရောင်းချပေးလျှက် ရှိသည်။ ကြက်ဥများမှာ လက်ကားဈေး အလုံး/ အကြီး၊ အသေးပေါ်မူတည်၍ ကြက်ဥတစ်လုံးလျှင် ၃၅၀ ကျပ်မှ ၃၇၀ ကျပ်ဖြင့်လည်းကောင်း ဘဲဥ တစ်လုံးလျှင် ၄၇၀ ကျပ်မှ ၄၈၀ ကျပ်အထိ ရောင်းချပေးလျှက်ရှိပြီး လက်လီဈေးအနေဖြင့် ကြက်ဥ တစ်လုံး ၃၇၀-၃၈၀ ကျပ်၊ ဘဲဥ တစ်လုံး ၅၀၀-၅၅၀ကျပ်ဖြင့် ကြောင်းချနေသည်။

ယနေ့  ဘဲဥ တစ်လုံး ဘဲခြံ များမှ လက်ကားဈေး အနည်းငယ်ကျဆင်းလာပြီး ဘဲဥ တစ်လုံး ငွေကျပ် ၄၄၀ မှ ၄၆၀ ကျပ် ထိ ကျဆင်းလာပြီး ယခင်ဈေးနှင့် နှိုင်းယှဉ်ပါက ၃၀-၂၀ ကျပ် ကျဆင်းလပြီး ရှေ့ရက်များတွင်လည်း အနည်းငယ်ကျဆင်းနိုင်ကြောင်း ခြံလုပ်ငန်းရှင်ထံမှ သိရသည်။ ကြက်ဥ ဈေးမှာ အလုံးကြီး ၃၈၀ကျပ် ဖြင့် တည်ငြိမ် လျှက် ရှိကြောင်း သိရသည်။

 

DOCA(ဧရာဝတီ)