Main menu

အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၉.၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မြန်အောင်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ဗောဓိလမ်းရှိ စည်ပင်ရုံးအစည်းအဝေးခန်းမ၌ အဝတ်အထည် အမျိုးမျိုးရောင်းချသော လုပ်ငန်းရှင် များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်မှ Online စနစ်ဖြင့် ရောင်းချ ရာတွင်  မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ လျှောက်လွှာပုံစံ တွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်း၊ မှတ်ပုံတင် လက်မှတ် လျှောက်ထား စဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင် တွင် အမှန်တစ်ကယ် ရောင်းချရမည်ဖြစ်ကြောင်း၊ အွန်လိုင်း မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အား အသိပညာပေး အကျယ်တဝင့်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)