
၅-၂-၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြင်းခြံမြို့ပေါ်ရှိ စက်သုံးဆီအရောင်း ဆိုင်များ၊ ၊ စားအုန်းဆီအရောင်းဆိုင်များ၊ လူသုံးကုန်နှင့်စားသောက်ကုန် ပစ္စည်းရောင်းချနေသော အရောင်းဆိုင်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ မြို့နယ်ရဲမှူး ၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရှိရသည်။ စစ်ဆေးမှုလုပ်ငန်းစဉ်တွင် စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများ ရောင်းချရာတွင် အရည်အသွေး ၊ အချိန်အတွယ်နှင့်သတ်မှတ်ရည်ညွှန်းဈေးနှုန်း များဖြင့်ရောင်းချ ခြင်းရှိ / မရှိ ၊ စားအုန်းဆီ အရောင်းဆိုင်များအနေဖြင့် စားအုန်းဆီများ အမှန်တကယ် ပြည်သူ့ လက်ဝယ်သို့ ရောင်းချခြင်း ရှိ / မရှိ ၊ အလေးချိန် ပြည့်ဝမှန်ကန်မှု ရှိ / မရှိ နှင့် လူသုံး ကုန်ပစ္စည်း များရောင်းချရာတွင် ကုန်ပစ္စည်များ ကုန်အမှတ်တံဆိပ် ခွဲခြား၍ရောင်းချခြင်း မရှိစေရေးကို အထူးအလေးထားဆောင်ရွက်လိုက်နာသွားရန်နှင့် ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်သွားမည်ဖြစ်ကြောင်း လူသုံးကုန်နှင့်စားသုံး ကုန်ရောင်းချသူများသို့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
DOCA(မန္တလေး)