![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7_109.jpg?itok=kwJc_dlk)
မြင်းခြံခရိုင်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ပါဝင်ပြီး ပဲမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံကိုလည်း အဓိကထား စိုက်ပျိုးကြသည်။ ဗမာကုလားပဲ(ဝါ) အထွက်တိုးကုလားပဲ၊ ကုလားပဲဖြူလုံးကြီး(ခေါ်)V2၊ V7၊ 929 စသည်ဖြင့် ကုလားပဲအမျိုးအစား များစွာရှိပြီး ဆောင်းတွင်းတစ်ရာသီသာ စိုက်ပျိုးသော သီးနှံဖြစ်သည်။
ဆောင်းကုလားပဲကို အောက်တိုဘာလမှ နိုဝင်ဘာလအထိ စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင်ရိတ်သိမ်းထွက်ပေါ်လေ့ရှိသည်။ မြင်းခြံခရိုင်ချုပ်အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲဆောင်း စိုက်ဧက (၃၁၄၇၇)ဧကစိုက်ပျိုးထားရှိပြီး ယခင်နှစ်ဧကအတိုင်း စိုက်ပျိုးထားကြောင်းသိရှိရသည်။ မြို့နယ်အလိုက် စိုက်ဧကများအနေဖြင့် မြင်းခြံမြို့နယ်တွင် (၁၀၅၆၅)ဧက၊ တောင်သာမြို့နယ်တွင် (၇၁၂၃)ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၁၃၇၈၉)ဧက စိုက်ပျိုးထားကြောင်း သိရှိရပြီး မတ်လတွင် ကုလားပဲများ စတင်ရိတ်သိမ်းထွက်ပေါ်လာမည် ဖြစ်ကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
DOCA(မန္တလေး)