Main menu

ချောက်မြို့၌ စားသုံးသူကာကွယ်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ စားသုံးသူကာကွယ်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကို (၁၀.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ပြည်ထောင်စုနေ့ အကြောင်း သိကောင်းစရာများနှင့် “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက “စားသုံးရန်မသင့်သော အစားအစာများ” အကြောင်းကို လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာပါဝင်သောပစ္စည်းများ ရွေးချယ်ဝယ်ယူတတ်စေရန်နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့်ကောင်း များ ရရှိလာနိုင်စေရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝလာစေရေး၊ စာပေ ဖတ်ရှုခြင်း မှအသိပညာ ဗဟုသုတများရရှိနိုင်စေရေးရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါသည်။

DOCA(မကွေး)