
စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ခနောင်ကျေးရွာ (အ.မ.က) ကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသူ/သား စုစုပေါင်း (၆၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်ရွယ်ချက်အကြောင်း ပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံသော မြန်မာ ဘာသာဖြင့် ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ စားသုံးသူများအားလုံးတွင် စားသုံးသူ အခွင့်အရေး ရှိသကဲ့သို့ လိုက်နာရမည့် တာဝန်များရှိကြောင်း ပြောကြားခြင်း၊ စားသုံးသူများ နစ်နာမူရှိပါက (1535) သို့ ခေါ်ဆို၍ တို်ငကြားနိုင်ကြောင်းနှင့် တိုင်ကြားမူပုံစံများအား ရှင်းလင်းဟောပြောခဲ့သည်ဟု သိရှိရသည်။
DOCA (ဧရာဝတီ)