Main menu

ရေကြည်မြို့နယ်၊ အ.လ.က ရေတံခွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

          ၁၀.၂.၂၀၂၅ ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် ရေကြည်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများ သည် အ.လ.က ရေတံခွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၂၁၆) ဦးတို့အား မြို့နယ်ပြန်ဆက်၊ မြို့နယ် အား/ကာ ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာမြို့နယ်တာဝန်ခံရုံးမှ ဒု-ဦးစီးမှူးသည် ကုန်အညွှန်း အမှတ်အသားဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ စားသုံးသူအငြင်းပွားမှုဆိုင်ရာသိမှတ်ဖွယ်ရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)