
၇.၂.၂၀၂၅ ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် ရေကြည်မြို့နယ် အ.လ.က (ကျုံဖား) ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူ (၁၄၇) ဦးတို့အား လူငယ်ရေးရာ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စားသုံးသူအခွင့်အရေး(၈) ချက်အကြောင်းကိုလည်းကောင်း၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ လူငယ်နှင့် ရည်မှန်းချက်အကြောင်းနှင့် မြို့နယ်အားကစားမှူးမှ လူငယ်နှင့်အားကစားခေါင်းစဉ်များအကြောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါ သည်။
DOCA (ဧရာဝတီ)