![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5_140.jpg?itok=cCwcEox5)
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ (၁၁.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ချောက်မြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်း(အေးစေတီ)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက လူငယ်နှင့်မူးယစ် အန္တရာယ် ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း ၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကိုလည်ကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြရေးနှင့် စားသုံးရန်မသင့်သော အစားအစာများအကြောင်း ကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာအကြောင်းများကိုလည်းကောင်း အသီးသီးဟောပြော ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက ကျောင်းအတွင်း ရောင်းချနေသော မုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာဖော်ပြမှု ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)