Main menu

ဓနုဖြူမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေး

Powered by Drupal

၁၂.၂.၂၀၂၅)ရက်နေ့ နံနက်ပိုင်း(၁၀:၀၀)နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ ဓနုဖြူမြို့နယ်၊ မိဘမေတ္တာဆေးဆိုင်၊ ဦးတင်အေးဆေးဆိုင်၊ ရွှေတြိဂံဆေး ဆိုင်ရှိဆေးဆိုင်များ ဆေးဝါး ရောင်းချခွင့်လိုင်စင်မရှိဘဲ ရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆေးဆိုင်များအား လစဉ်ပုံမှန် ဆေးဝါးကုန်လပ်မှု ရှိ မရှိနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးခြင်း များဆောင် ရွက်ခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက အများပြည်သူများအား လုံခြုံစိတ်ချရသော ဆေးဝါးများရရှိနိုင်ရန် သက်တမ်းလွန်ဆေးဝါးများ၊ မြန်မာနိုင်ငံဆေး ဝါးမှတ်ပုံတင် မရှိသောဆေးဝါးများ မရောင်းချစေရန်နှင့် ကောင်းမွန်သောဆေးဝါး ထားသိုမှုနှင့်  ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်(GPP)နှင့်အညီ ရောင်းချစေရန် ၊ ဆေးဝါးများကို ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်း ရှိ/မရှိ၊ ဆေးအရောင်း ဆိုင်များ သတ်မှတ်စည်း မျဉ်စည်းကမ်းချက်များနှင့် ညီ/မညီ ၊သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကိုစစ်ဆေးခြင်း ဆေးအရောင်းဆိုင်များက သတ်မှတ်ချက်များကို လိုက်နာမှု မရှိပဲ ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနတို့ ဥပဒေများ၊ အရေးကြီး ကုန်စည်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)