
စားသုံးသူများ ဘေးအန္တရာယ်ကင်းစာ ကုန်စည်များကို အသုံးပြုနိုင်ရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ဦးစားပေးကုန်စည် (၁၀)မျိုးသတ်မှတ်၍ ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် သက်ဆိုင်ရာထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပါဝင်မှု ရှိ/မရှိကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့်အတူ ဓနုဖြူမြို့နယ်အတွင်း စတိုးနှင့် မီနီမက်စ် ဆိုင်များအား ၁၃.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀၀၀)နာချိန်အတွင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးက ဓနုဖြူမြို့ မြို့မဈေးရှိ စတိုးဆိုင်(၃)တိုင်၊ ၂ရပ်ကွက်ရှိ စတိုးဆိုင်(၂)ဆိုင်၊ ၃ရပ်ကွက်ရှိ စတိုးဆိုင်(၂)ဆိုင်တို့မှ ရောင်းချနေသော ကလေးအဟာရမှုန့် Gold Power, Ovaltine , Ensure Gold, Dupro, Cal-D Glucose , စသည် ကုန်စည်တို့တွင် ကလေးအဟာရဖြည့်စွပ်စာများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများနှင့် ကိုက်ညီမှု ရှိ-မရှိကို စစ်ဆေးခြင်း၊ ၎င်းပစ္စည်း အမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို ၍တွဲလျက်ဖြစ်စေ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စတိုးဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဘေးအန္တ၇◌ာယ်ကငိးသော ကုန်စည်တစ်ခုကို ဈေးကွက်အတွင်းဖြန့်ချိနိုင်ရန် အကြံပြု သိရှိလိုပါက စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို ရှင်းလင်းအသိပေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA (ဧရာဝတီ)