Main menu

ဌာနဆိုင်ရာရပ်ကွက်များစုပေါင်း၍ မြန်မာ့ရိုးရာ ထမနဲထိုးပွဲကျင်းပ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာမပျက် စုပေါင်းထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ၁၃.၂.၂၀၂၅ နေ့လည်(၁၃)နာရီအချိန်တွင် အမှတ် ၃ရပ်ကွက် စုပေါင်းရုံးလမ်းမှာ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်နေပြည်သူများ၊  ဖိတ်ကြားထားသူများ၊ ရပ်ကွက်အသီးသီးမှ ပြိုင်ပွဲဝင် အသင်းသားများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ် အဖွဲ့ ရပ်ကွက်နေပြည်သူပါဝင်သော အဖွဲ့(၁၆)ဖွဲ့မှ စုပေါင်းပါဝင်၍ မြန့်မာရိုးရာ ထမနဲ ထိုးပြိုင်ပွဲကို ဝင်ရောင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာမှ ဝန်ထမ်းများ၊ အမှတ်ပေးဒိုင်လူကြီးများနှင့် အခြားသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပြိုင်ပွဲကို ကြည့်ရှုခဲ့ကြပြီး ပြိုင်ပွဲဝင် ကြိုတင် ပြင်ဆင်မှု၊ စည်းကမ်းလိုက်နာမှု၊ စည်းလုံးညီညွတ်မှု၊ နည်းစနစ်မှန်ကန်မှုနှင့် သန့်ရှင်း သပ်ရပ်မှုတို့ကို စိစစ်အမှတ်ပေးခဲ့ကြပြီး ထမနဲထိုးပြိုင်ပွဲ စတင်ကျင်းပဆောင်ရွက်ခဲ့ပြီး ဧည့်ပရိတ်သတ်များက အိုးစည်ဒိုးပတ်များတီး၍ ကခုန်အားပေးကြည့်ရှုခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အဖွဲ့များ၏ ပျော်ရွှင်စွာစုပေါင်းထမနဲထိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ပထမဆု ၅ သိန်းကျပ်၊ ဒုတိယဆု ၄သိန်းကျပ်၊ တတိယဆု ၃ သိန်းကျပ်နှင့် နှစ်သိမ့်ဆု ၂ ဆု တို့ကို ဆုရရှိသည့် အဖွဲ့များအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)