Main menu

အမှတ်တံဆိပ်ပါ ဗုးသွပ်ဆီများ စားသုံးသူဘေးကင်းလုံခြုံစွဲ သုံးစွဲနိုင်ရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ၁၂.၂.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည်  အမှတ်တံဆိပ်ပါ ဗူးဆီ အမျိုးမျိုးရောင်းချနေသော  ညောင်တုန်းမြို့နယ် ၃ရပ်ကွက်၊ ၅ရပ်ကွက်နှင့် ရရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်သို့ သွားရောက်၍ စားသုံးသူများ  ဘေးကင်စွားအသုံးပြုနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အမှတ်တံဆိပ်ပါ စားသုံးဆီများတွင် စားသုံးသူကာ ကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများပြည့်စုံစွာ ပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံစွာပါရှိကြောင်းတွေ့ရှိရပါသည်။ ဘေးအန္တရာယ် ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်များပါဝင်မှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်း တွင် Lotusဟင်းသီးဟင်းရွက်ဆီ၊ ဧရာဝတီမြေပဲဆီ၊  ၊ အမေထွား ၊ မေဇင်၊ Goody၊ Cook အစရှိသည့် စားသုံးဆီအမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဆိုင်ရှင်များကို  စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ထုတ်ပြန်ကြေငြာနှင့် ကိုက်ညီမှုရှိသောကုန်စည်များကိုသာရောင်းချရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA (ဧရာဝတီ)