
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၁၃.၂.၂၀၂၄ ရက်နေ့ နံနက်ပိုင်းက ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ရပ်ကွက် ကျေးရွာပေါင်းစုံ အသက် ၂၃နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆဒချီမြှင့်ပွဲ အခမ်းအနား ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပရာ ညောင်တုန်းမြို့နယ် အားကစား ဘောလုံးကွင်းတွင်ကျင်းပခဲ့ပြီး မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးမျိုးကျော်နှင့် အဖွဲ့ ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမြင့်လွင့်နှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ရပ်ကွက်ကျေးရွာအုပ်စု၊ အသက် ၂၃နှစ်အောက် အမျိုးသာဘောလုံးပြိုင်ပွဲကို အဆင့်ဆင့်နှင့် ဗိုလ်လုပွဲကို ကြည့်ရှုအားပေးခဲ့ကြပါသည်။ ဆက်လက်၍ ဗိုလ်လုပွဲတွင် အနိုင်ရသူအသင်းကို ဆုချီးမြှင့် အခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ပြီး အမျိုးသားဘောလုံးပြိုင်ပွဲပွဲစဉ်တစ်လျှောက် နေရာအလိုက် ဂိုး၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းနှင့် အကောင်းဆုံးဘောလုံးသမားဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌနှင့် တာဝန်ရှိသူများက လည်းကောင်း၊ ပူးတွဲပထမဆု ရရှိသသည့် မြို့မဇုန်အသင်းနှင့် ဆားမလောက်ဇုန် အသင်းတို့ကို ဆုဖလားနှင့် ငွေသားဆုများ ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက လည်းကောင်း ဆုချီးမြှင့်ခဲ့ကြောင်း သိရပါသည်။
DOCA (ဧရာဝတီ)