Main menu

တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ရေလိန်ကျေးရွာနှင့် ကြာဖြူကျေးရွာရှိ ဆီထွက်သီးနှံစိုက်ပျိုးမှုအားသွားရောက်စစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၁၃.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၁:၄၅)အချိန်တွင် တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်အဖွဲ့တို့နှင့်လိုက်ပါ၍ ရေလိန်ကျေးရွာနှင့် ကြာဖြူကျေးရွာတို့တွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံများအား သွားရောက်လေ့လာစစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်လေ့လာစစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချူပ်နှင့်အဖွဲ့သည်  မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ရေလိန်ကျေးရွာတွင် တောင်သူဦးဝင်းမောင်နှင့် ဦးမျိုးသန့်တို့၏ စိုက်ပျိုးထားသော မြေပဲခင်း(၁၀)ဧကအားကြည့်ရှုအားပေးခဲ့ပြီး ကြာဖြူကျေးရွာရှိ တောင်သူ ဦးဝင်းဘိုပါ (၆)ဦး၏ နေကြာ(၁၀) ဧကစိုက်ပျိုးထားရှိမှုအားကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေလောင်းကျေးရွာမှတဆင့် ပန်းတနော်မြို့သို့ဆက်လက် ထွက်ခွာသွားပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)