![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/1_245.jpg?itok=7xXz2ko1)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ (၁၄.၂.၂၀၂၅) ရက်နေ့ ညနေ(၃:၀၀)အချိန်တွင် ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီလ အတွက် စက်မှုလုပ်ငန်းသုံးဆီခွဲတမ်းရရှိသော လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဆီထုတ်ယူရရှိနိုင်ရေး နှင့် လိုက်နာရမည့်စည်းကမ်းချက်များအား ဟောပြောဆွေးနွေးခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသောလုပ်ငန်းရှင်များအား ဖေဖော်ဝါရီလအတွက်စက်မှုသုံးဆီ ခွဲတမ်းရရှိမှုအပေါ် ငွေပေးသွင်းရေး၊ ဆီထုတ်ယူရေး၊ ဆီထုတ်ကိုယ်စား လှယ်မှအမြန်ဆုံးဆောင်ရွက်ရန်နှင့် လုပ်ငန်းအတွက်ရရှိသော စက်မှုသုံးစားအုန်းဆီများအား မိမိလုပ်ငန်း၌ သာအသုံးပြုရန်နှင့်ပြင်ပသို့ ပြန်လည်ရောင်းချခြင်း မပြုလုပ်ရန်ဌာနမှ ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးညွှန်ကြားဆွေးနွေးခဲ့ပါသည်။ ခွဲတမ်းရရှိသောစားအုန်းဆီများအား စက်မှုလုပ်ငန်းသုံး လုပ်ငန်းရှင်များမှ မိမိတို့ရရှိလာသောဆီခွဲတမ်းများအတွက် ငွေကြေးမျာကိုအချိန်မီပေးသွင်းရန်၊ ဆီပေပါများ ကိုလည်းအချိန်နှင့်တပြေးညီပေးပို့နိုင်ပါရန်နှင့် လိုအပ်သည်များကိုလည်းဆက်လက်ဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)