Main menu

လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်သို့ ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်မှ ဆန်လိုအပ်ချက်ရှိသော တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်သို့ဆန်များတင်ပို့နိုင်ရန်အတွက် (၁၄.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၁:၃၀)အချိန်တွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ပါသည်။

            ထိုသို့သွားရောက်စစ်ဆေးရာတွင် မော်လမြိုင်ကျွန်းမြို့မှ မြိတ်မြို့သို့ဆန်တင်ပို့မည့် MV-အာသာဝတီ ရေယာဉ်တွင် ပေါ်ဆန်းဆန်(၅၀၀)အိတ်၊ ဧည့်မထဆန်(၆၂၀၀)အိတ်၊ ကောက်ညင်းဆန်(၃၀၀)အိတ်၊ စုစုပေါင်း(၇၀၀၀)အိတ် တင်ဆောင်ထားမှုအခြေအနေနှင့် ဆန်များသယ်ဆောင်ရာတွင် ကန့်သတ် ကုန်ပစ္စည်းများသယ်ဆောင်ခြင်းမရှိစေရေး၊ တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့်ကိစ္စရပ်များ ဖြစ်ပွားမှု မရှိစေရေးတို့အတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)