Main menu

မြင်းခြံမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းမှုအခြေအနေ

Powered by Drupal

    မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဈေးကွက်အတွင်း ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းကြီးမြင့်မှုရှိ/မရှိအခြေအနေများနှင့်ပတ်သက်၍ ၁၃-၂-၂၀၂၅ နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြင်းခြံမြို့အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

             ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ဘိလပ်မြေ များ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊  ဈေးကွက်ဝယ်လိုအား အမှာရှိသလောက် ရောင်းချပေးနိုင် ကြောင်း သိရှိရပြီး “မိဘမေတ္တာ”ဘိလပ်မြေအရောင်းဆိုင်နှင့် “စွဲမြဲ”ဘိလပ်မြေအရောင်းဆိုင်များ တွင် ရောင်းချလျက်ရှိသောဘိလပ်မြေများ၏ ဈေးနှုန်းများအနေဖြင့်  ကြံ့နှစ်ကောင်ဘိလပ်မြေ (၅၀)kgတစ်အိတ်လျှင် (၂၄၀၀၀)ကျပ်၊ အပါချီဘိလပ်မြေ (၅၀)kgတစ်အိတ်လျှင် (၂၃၀၀၀)ကျပ်နှုန်း ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ အပါချီဘိလပ်မြေကို ပျဉ်ညောင်မြို့မှ သယ်ယူရောင်းချ ရပြီး ဘိလပ်မြေတစ်အိတ်လျှင် ယခင်လထက် (၁၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ သယ်ယူရာတွင် မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးလမ်းကြောင်းမှ သယ်ယူရပြီး သယ်ယူ သည့်ခရီးစဉ်တွင် တစ်ပတ်ခန့်ကြာမြင့်သောကြောင့် သယ်ယူမှုကုန်ကျစရိတ်ပိုမိုကုန်ကျသဖြင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း “မိဘမေတ္တာ”ဘိလပ်မြေအရောင်းဆိုင်ပိုင်ရှင် ဦးရင်မောင်၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)