Main menu

မြင်းခြံမြို့နယ်၏ စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          မြင်းခြံမြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခု ဖေဖော်ဝါရီလ တတိယပတ် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် ( ရိုးရိုး) တစ်လီတာလျှင် (၂၈၄၅ )ကျပ်၊ ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် ( ၃၄၈၀ ) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီတာလျှင် (  ၃၂၇၅ )ကျပ် ၊ဓာတ်ဆီ (95) တစ်လီတာလျှင် (  ၃၃၃၀) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခင် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် ( ရိုးရိုး) တစ်လီတာလျှင် (၂၈၅၀ )ကျပ်၊ ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် ( ၃၄၈၅ ) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီတာလျှင် (  ၃၂၇၀ )ကျပ် ၊ဓာတ်ဆီ (95) တစ်လီတာလျှင် ( ၃၃၃၀)ကျပ် များဖြင့် ဖြစ်ပေါ်ရောင်းချခဲ့၍ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် ဒီဇယ် ( ရိုးရိုး)နှင့် ဒီဇယ် ( ပရီမီယံ) များမှာ တစ်လီတာလျှင်(၅)ကျပ်စီ ကျဆင်းခဲ့ပြီး ဓာတ်ဆီ (92 ) တစ်လီတာလျှင် (  ၅ )ကျပ် မြင့်တက်ခဲ့ကာ ဓာတ်ဆီ (95) မှာ ဈေးပြောင်းလဲမှုမရှိပဲ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်းသာ ဖြစ်ပါကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

DOCA(မန္တလေး)