
စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် (၆.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးအတွက် မိတ္ထီလာမြို့ဈေးအရှေ့ပြင်နှင့် မြို့မဈေးကြီးအတွင်းရှိ ဆန်ဆိုင်နှင့် ဆန်ပွဲရုံများအား ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ဆိုင်နှင့် ဆန်ပွဲရုံများအနေဖြင့် ရွှေဘိုပေါ်ဆန်း၊ ဧရာပေါ်ဆန်း အပြင် ဒေသထွက် ပေါ်ဆန်း၊ ဧရာပဒေသာ၊ မနောသုခ၊ ရက်(၉၀)၊ ရတနာတင့််၊ ငစိန်၊ ဇီယာဆန်များကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိပြီး ဈေးကွက်တွင်း ဆန်သစ်/ဆန် ဟောင်း နှစ်မျိုးတွင် မနောသုခဆန်မှာ အရောင်းသွက်လျက်ရှိကြောင်း၊ ဆန်ပွဲရုံများမှာ ဒေသတွင်းဆန် များအပြင် ရွှေဘို၊ မကွေးနှင့်် ပဲခူးတိုင်းဒေသကြီးတို့မှ ဝယ်ယူ၍ မိတ္ထီလာ၊ သာစည်၊ မလှိုင်မြို့နယ်များ သို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အ တွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)