Main menu

မိတ္ထီလာမြို့ MSME ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ

Powered by Drupal

          ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်MSME ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို မိတ္ထီလာမြို့ လွတ်လပ်ရေးပန်းခြံအတွင်း နံနက်(၆:၃၀)မှညနေ(၁၅:၀၀)ထိ ကျင်းပပြုလုပ်ခဲ့ပြီး အထည်လုပ်ငန်း(၁၃)ခု ၊ စားသောက် ကုန်လုပ် ငန်း(၁၆)ခု ၊ လူသုံးကုန်လုပ်ငန်း(၁) ခု ၊ စုစုပေါင်း (၃၄)ခန်းဖြင့် ပြသရောင်းချခဲ့ ကြောင်း ၊ အထည်လုပ်ငန်းများမှာ မိတ္ထီလာမြို့ စက်မှုဇုန်မှ ဟိန်းထက်ဇော်အထည်စက် ၊ KHH အထည်စက် ၊ မြမျိုးအထည်စက် ၊ ဝမ်းတွင်းမြို့နယ်မှ ရွှေအိုးအထည်စက် ၊ သဇင်ဖြူအထည် စက် ၊ ကိန္နရီအထည်စက် ၊ ဝိမဟာအထည်စက် ၊ နှင်းဆီနီအထည်စက် ၊ မြသဇင်အထည်စက် ၊ Leader of Textile အထည်စက် ၊ ဇဗ္ဗူထွန်းအထည်ချုပ် ၊ စိုးမိုးအ ထည်ချုပ်လုပ်ငန်းများ နှင့် စားသောက်ကုန်များအနေဖြင့် မိတ္ထီလာမြို့နယ်မှ ရွှေမိုးပဲကြော်နှင့် ဝမ်းတွင်းမြို့နယ်မှ ဝင်းပဲ ကြော်၊ဖိုးထောင်ပဲကြော်လုပ်ငန်း များမှလည်းကောင်း မုန့်လုပ်ငန်းများ အနေဖြင့် ဝေဖြိုးအောင် အာလူးကြော် ၊ရွှေမေတ္တာအာလူးကြော် ၊  ဘွန်သီးမုန့်လုပ်ငန်း ၊ ကြာညိုသင်းမုန့်လုပ်ငန်း ၊ ချန်ပီယံမုန့်လုပ်ငန်း များမှလည်းကောင်း ၊ ဆပ်ပြာလုပ်ငန်းများ ၊ UK ကြက်သွန်ကြော် နှင့် သိန်းမင်းငရုတ်သီးမှုန့် များမှလည်းပြသရောင်းချခဲ့ကြောင်း ၊  မိတ္ထီလာမြို့ဆီကုန်သည်အသင်းမှ စားအုန်းဆီများ ကို လည်း ပြည်သူများ လွတ်လပ်စွာဝယ်ယူနိုင်ရန်အတွက် ပြသရောင်းချခဲ့ ကြောင်း ၊ ရွှေပြည်စိုးဆီစက် ၊ လွင်မိသားစုဆီစက် ၊ ထီလာမြေဆီစက်လုပ်ငန်းများမှလည်း ပဲဆီ ၊ နှမ်းဆီ ၊ နေကြာဆီ ၊ များကိုလည်းပြသရောင်းချခဲ့ကြောင်း ၊ အသားခြောက်လုပ်ငန်းနှင့် နို့နှင့် နို့ထွက်ပစ္စည်းများ ၊ မြန်မာ့ရိုးရာမုန့်များ ပြသရောင်းချခဲ့ပြီး စည်ကားသိုက်မြှိုက်စွာကျင်းပခဲ့ ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)