
ဆိုးလ်- တရုတ်နို်ငငံမှ ရေးဆွဲသည့် တရုတ် AI Chatbot ဖြစ်သည့် deepseek ကို ကမ္ဘာလုံးဆိုင်ရာindustryများတွင် ၄◌င်း၏ R1 ပရိုဂရမ်ကို ထုတ်ဖော်ပြသလိုက်ပြီး deepseek သည်အမေရိကန်နည်းပညာထက် ပို၍ ဈေးပေါပြီး နည်းပညာမြင့်စွမ်း ဆောင်ရည်များ ဖွံ့ဖြိုး လာသည့်အတွက် အမေရိကန်နည်းပညာစတော့ရှယ်ယာဘီလီယံပေါင်းများစွာကို ဖယ်ရှားခဲ့ပြီး deepseek ကို ပို၍ အသုံးပြုသူများလာခဲ့သည်။ဥရောပ၊ တောင်ကိုရီးယားအစိုးရများမှ အဆိုပါ တရုတ်နည်းပညာမြင့် Deep seek သည် သုံးစွဲရန်လွယ်ကူသော်လည်း AIမှ တစ်ဆင့် သတင်းအချက်အလက်များ ပေါက်ကြားမှုကိုမူ ကာကွယ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
DEEP SEEK ကိုပိတ်ပင်ထားသည့်နိုင်ငံများ
အီတလီနိုင်ငံမှ Deep seek နှင့်စပ်လျဉ်း၍ အီတလီနည်းပညာအသုံးပြုသူများ၏ အချက်အလက်များကို ကာကွယ်ရန်အတွက် အဆိုပါ deep seek နည်းပညာကို ပိတ်ပင် သင့်ကြောင်းပြောကြားခဲ့သည်။အီတလီသတင်းအချက်အလက်ကာကွယ်ရေးအာဏာပိုင်အဖွဲ့မှ အမေရိကန်မှ chatgpt ကိုလည်း ၂၀၂၃ ခုနှစ်တွင် ပိတ်ပင်ခဲ့သေးသည်။ဆက်လက်၍ ထိုင်ဝမ်မှ deep seek အသုံးပြုမှုအား အဆိုပါ တရုတ်နည်းပညာအနေဖြင့် နိုင်ငံတော်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနို်ငသည့်အတွက် အစိုးရကဏ္ဍနှင့် အခြား အဓိကကျသော အခြေခံအချက် အလက်များအတွက် deepseek အသုံးပြုခြင်းအား ပိတ်ပင်ခဲ ့ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ထပ်မံ၍ တောင်ကိုရီးယားအစိုးရမှ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး အတွက် စစ်ဘက်ဆိုင်ရာသုံးနှင့် ရဲတပ်ဖွဲ့၏ ကွန်ပျူတာများတွင် deep seek ကိုပိတ်ပင်ကြောင်း ကြေငြာခဲ့သည်။
တနင်္လာနေ့တွင် အာဏာပိုင်များမှ ပြောကြားချက်အရ deepseek အပလီကေးရှင်းအား download ရယူရန်အတွက် ပြည်တွင်း အပလီကေးရှင်းများ မှ ရယူ၍ မရရှိနိုင်ဘဲ မိမိ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို ဝင်ရောက်ပြီးမှသာ download ရယူနိုင်သည့် application တစ်ခုဖြစ်သည်ဟုဆိုသည်။
အမေရိကန်လွှတ်တော်မှ ဥပဒေပြုသမားများက deepseekအား အစိုးရဌာနဆိုင်ရာ ကွန်ပျူတာများတွင် DeepSeek အသုံးပြုမှုကာကွယ်ရေးဥပဒေတစ်ရပ်ကို စတင်မိတ်ဆက်ခဲ့ပြီး ကွန်ကရက်မှ ပြောရေး ဆိုခွင့်ရှိသူ darin la hod က အဆိုပါ တရုတ်ကုမ္မဏီမှ ထုတ်လုပ်သည့် deepseekသည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်ယုံသာမက အမေရိကန်နိုင်ငံ၏ နည်းပညာလောကခြိမ်းခြောက်ရန်အတွက် alarmပေးခြင်းတစ်ရပ်ပင်ဖြစ်သည်ဟုဆိုသည်။
ဆက်လက်၍ deepseek ကို နယူးရော့၊ ဗာဂျီးနားနှင့် တက်ဆက် ပြည်နယ်များမှလည်း ပြည်နယ်အဆင့် ပိတ်ပင်ခဲ့ကြသည်။တက်ဆက် အု်ပချုပ်သူအာဏာပိုင်အဖွဲ့မှ ပုဂ္ဂိုလ်ရေးအချက် အလက်များကို ကာကွယ်ရန်အတွက် ပိတ်ပင်ရန်လိုအပ်သည်ဟုပြောကြားခဲ့သည်။
ဘာကြောင့်စိုးရိမ်ပူပန်မှုတွေမြင့်တက်လာရသလဲ?
Deep seek သည် Open AI Chat GPT တို့နှင့် အလားသဏ္ဍာန်တူသည့် အပလီ ကေးရှင်းတစ်ခုဖြစ်သော်လည်း Deepseek ၏ စည်းကမ်းနှင့်မူဝါဒများအရ ပုဒ်မခွဲတစ်ခုအနေဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ဖတ်ကြားနိုင်ရန်ထည့်သွင်းထားသည်။
အမေရိကန် နည်းပညာကုမ္ပဏီများမှ အစိုးရ၏ ဒေတာအချက်အလက်များ တောင်းခံမှု အတွက် အသုံးပြုသူ၏အချက်အလက်များအား နည်းပညာကုမ္ပဏီများမှ ဥပဒေအရ အကာကွယ် ပေးရန် တာဝန်ရှိသည်ဟု Soonchunhyang University မှ သတင်း အချက်အလက် နည်းပညာလုံခြုံရေး ပါမောက္ခ Heung Youl ကဆိုသည်။
ဆက်လက်၍ အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များလုံခြုံမှုကို လေးစားရန်နှင့် ကုမ္မဏီများအနေဖြင့် အစိုးရ၏ အသုံးပြုမှုနှင့် မည်သည့်နိုင်ငံများ၏ ကုမ္ပဏီများက ယုံကြည် စိတ်ချရကြောင်းစသည့်အချက်အလက်များ ကွာခြားချက်များကို ကို ပုံဖော်နို်ငရန်လိုကြောင်း ပြောကြားခဲ့သည်။
Deepseek ၏ မူဝါဒများအရ သတင်းအချက်အလက်များကို စုစည်းရန် အတွက် အဓိကpatternများ rhythums များထည့်သွင်းထားပြိး ခလုတ်/button တစ်ခုချင်းစီအတွက် လူတစ်ဦးချင်းစီ၏ အပြန်အလှန်တုံ့ပြန်ပုံများကို သိရှီစုဆောင်းနိုင်သည့်အတွက် အချက်အလက် များကို ကာကွယ်ရန် လိုအပ်ကြောင်း တွေ့ရှီရသည်။
DOCA(မန္တလေး)