Main menu

ကျင့်ဝတ်သိက္ခာရှိသော အရောင်းအဝယ်အလေ့အကျင့်များ ပိုမိုဖြစ်စေ၍ စားသုံးသူများကို ကာကွယ်ရန် ဘရူးနိုင်း လုပ်ဆောင်

Powered by Drupal

            ဘရူနိုင်းနိုင်ငံ စီးပွားရေးစီမံကိန်းနှင့် စာရင်းအင်းဌာန (DEPS) အနေဖြင့် ကျင့်ဝတ် သိက္ခာရှိသော အရောင်းနှင့် မြှင့်တင်ရေးအလေ့အကျင့်များ၏ အရေးပါမှုကို မီးမောင်းထိုးပြနိုင်ရေး ပူးပေါင်းဆောင်ရွက်ချက်စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့သည်။ ထို ပူးပေါင်းလုပ်ဆောင်မှု Brunei Salebration 2025 (BSb 2025) တွင် ပါဝင်သူများအား စားသုံးသူအခွင့်အရေးများကို ကာကွယ်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအကြား ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ရေးအတွက် ရှင်းလင်း၍ ပွင့်လင်းမြင်သာမှုရှိသော ရောင်းချမှုများကို ဆောင်ရွက်ရောင်းချကြရန် အသိပညာပေးခြင်း၊ သတိပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပူးပေါင်းလုပ်ဆောင်မှုသည် စားသုံးသူများကို ကာကွယ်ပေးရန်သာမက ဈေးနှုန်းချိုသာ စွာရောင်းချမှုဆိုင်ရာ စည်းမျဉ်းများကို လိုက်နာမှုရှိစေရန်နှင့် ဈေးနှုန်းထိန်းချုပ်မှုဥပဒေနှင့် အလေး ချိန်နှင့်အတိုင်းအတာဥပဒေ (၁၉၈၃)တို့အရ ပြဌာန်းချက်များကို အတည်ပြုရန် ရည်ရွယ်ပြုလုပ်ခြင်း လည်းဖြစ်သည်။ ထိုဥပဒေစည်းမျဉ်းများသည် မျှတသော ကုန်သွယ်မှုအလေ့အကျင့်များကို မြှင့်တင် ရန်နှင့် စားသုံးသူအကျိုးစီးပွားကို ကာကွယ်ရန် မရှိမဖြစ် လိုအပ်သော ဥပဒေများဖြစ်ကြောင်း ဘရူးနိုင်းနိုင်ငံ (DEPS) ကပြောကြားခဲ့သည်။

            ပူးပေါင်းလုပ်ဆောင်မှုစစ်ဆင်ရေး ပြုလုပ်နေစဉ်အတွင်း ကလေးနို့မှုန့်အား အမြင့်ဆုံးဈေး ထက်ပိုမိုရောင်းချနေသော လုပ်ငန်းတစ်ခုနှင့် ဈေးနှုန်းအညွှန်းများအား ရှင်းလင်းစွာ ပြသရောင်းချ ခြင်းမရှိသော လုပ်ငန်းနှစ်ခုအား တွေ့ရှိခဲ့ရသဖြင့် ဘရူနိုင်းဒေါ်လာ ၅၀၀ စီ ဒဏ်တပ်ခြင်းနှင့် သတိပေး ခြင်းများ ပြုလုပ်ခဲ့သည်။ အလေးချိန်နှင့် အတိုင်းအတာယူနစ်ရုံး (SDT) မှလည်း အလေးချိန် မမှန်သော အချိန်တွယ်ကိရိယာ ၁၇ ခုကို စစ်ဆေးတွေ့ရှိခဲ့ရပြီး မှတ်ပုံတင်သက်တမ်း ကုန်ဆုံး  လျက်ရှိသော ကိရိယာတစ်ခုကို တွေ့ရှိရသဖြင့် ကိရိယာများအား သိမ်းဆည်းခြင်းနှင့် လုပ်ငန်း များအား ရုံးဖွင့်ရက် ၇ ရက်အတွင်း SDT ရုံးသို့ လာရောက်အစီရင်ခံရန် သတိပေးခြင်းများ ပြုလုပ်ခဲ့ သည်။

DEPS ၏ စားသုံးသူရေးရာဦးစီးဌာနနှင့် SDT ရုံးတို့အနေဖြင့် စားသုံးသူများ၏ ယုံကြည်မှုနှင့် စိတ်ကျေနပ်မှုကို မြှင့်တင်ပေးနိုင်ရန်၊ ကျင့်ဝတ်သိက္ခာရှိပြီး ပွင့်လင်းမြင်သာသော ရောင်းချမှုများမှ မျှတသော ဈေးကွက်အဖြစ် မြှင့်တင်ပေးနိုင်ရန် ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်မှုများကို ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

DOCA (မန္တလေး)