Main menu

ရေတာရှည်မြို့နယ်၊ ဆွာမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်မိုးအောင်တို့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် ရေတာရှည်မြို့၊ ဆွာမြို့တွင် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်အရ (၁၄.၂.၂၀၂၅) ရက်နေ့ နံနက်ပိုင်းက ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။

              ပူးပေါင်းအဖွဲ့သည် ဆွာဈေးနှင့် ဈေးပြင်ပကုန်စုံဆိုင်ကြီးများတွင် ရောင်းချလျှက်ရှိသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများတွင် တားမြစ်ဓါတုဆေးဝါးများ ပါဝင်မှုရှိ/မရှိနှင့် ရက်လွန်/မလွန်ကိုလည်းကောင်း၊ ဆေးဆိုင်များ၌ ရောင်းချလျှက်ရှိသော ဆေးဝါးများတွင် ရက်လွန်/ မလွန်နှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုရှိ/မရှိကိုလည်းကောင်း ကွင်းဆင်း စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

              ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သူသူဟန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆွာတိုက်နယ်ဆေးရုံ မှ ဒေါက်တာပွင့်ဦးဇွန်ဝေလှိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆွာဈေးတာန်ခံ ဦးဗညားထွန်း တို့ဦးဆောင်သော ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)