Main menu

တောင်ငူမြို့ မူလွန်ကန်တော်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို ကျင်းပဆောင်ရွက်လျှက်ရှိရာ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၄.၂.၂၀၂၅)ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ရှိ ကန်တော် အခြေခံပညာမူလတန်းလွန်ကျောင်း တွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး အဖွင့်အမှာစကားပြောကြားပြီး မြိုန့ယ် တာဝန်ခံ ဦးမြင့်သူက စားသုံးသူကာကွယ်ရေးဌာနပေါ်ပေါက်လာပုံနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များကို မိတ်ဆက်ပြောကြားပါသည်။

              ဆက်လက်၍ အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်က စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တို်ငကြားနိုင်ခြင်းများနှင့် ဖြေရှင်းဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့ ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူ ၁၅၃ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)