Main menu

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် မင်္ဂလာတောင်ညွှန့်မြို့နယ် ( Makro) ရှိ (10.၂.၂၀၂5) ရက်နေ့ ၊ နေ့လယ်ပိုင်း တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် (Makro) အတွင်းရှိ ဆန်လက်လီ ရောင်းချ နေသော အမှတ် (322) ၊ အထက်ပုဇွန်တောင်လမ်း ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် (Makro)  အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် (Makro) ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် မြတ်(မြောင်းမြပေါ်ဆန်း)(၂၄kg)၊ မြတ်(ရက်၉၀)(၁၂kg) ၊ မြတ်(ဧရာပဒေသာ) (၁၂kg) ၊ Ayeyar(ဇီယာ) (၁၀kg) ၊ Nursery (ပေါ်ဆန်း)(၂၄kg) ၊ Win (တောင်ပျံ-ရှယ်)(၂၄kg) ၊ Win (ရွှေဘိုပေါ်ဆန်း) (၂၄kg) ၊ မြတ် (ကျားပျံ) (၂၄kg) ၊ Meizan (ပေါ်ဆန်းမွှေး)(၁၂kg) ၊ Ayeyar (ပေါ်ဆန်းမွှေး)(၅kg) ၊ Nursery (ပေါ်ဆန်း)(၅kg)၊Win(ဇီယာ)(၆ kg)၊ မြ (ရွှေဘိုပေါ်ဆန်း)(၅kg) စသည့်ဆန်များကို သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိ ကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ် ထားသောဈေးနှုန်းများ အတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ် ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)