Main menu

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ် ၊ ပုဇွန်တောင်ဈေးရှိ (10.၂.၂၀၂5) ရက်နေ့ ၊  နေ့လယ်ပိုင်း တွင် ပုဇွန်တောင်မြို့နယ် ၊ ပုဇွန်တောင်ဈေး အတွင်းရှိ ဆန်လက်လီရောင်းချနေသော ည ၁၇/၁၈ ၊ ပုဇွန်တောင်ဈေး ၊ ပုဇွန်တောင်မြို့နယ်အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်း အသိပညာပေးမှု များ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရွှေဘိုပေါ်ဆန်း (၁ပြည်)၊ ရွှေဘို(လတ်) (၁ပြည်)၊ကျားပျံ(ရှယ်)(၁ပြည်)၊ကျားပျံ(လတ်) (၁ပြည်)၊ ဧရာပေါ်ဆန်း (၁ပြည်)၊ ပေါ်ဆန်း(ရိုးရိုး)(၁ပြည်)၊ပေါ်ဆန်း(လတ်)(၁ပြည်)၊ဇီယာ(နိမ့်)(၁ပြည်)၊ဇီယာ(လတ်)(၁ပြည်)၊ (ရက် ၉၀) (၁ပြည်)၊ဧရာပဒေသာ(၁ပြည်)၊ ဧရာပဒေသာ(ထိပ်)(၁ပြည်)စသည့်ဆန်များကို သတ်မှတ်ရည်ညွှန်းဈေး အတိုင်း ရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန် အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန် ၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြား ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)