Main menu

မိတ္ထီလာမြို့နယ်အတွင်း စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်ရှိ မြို့မစျေးနှင့် ရပ်ကွက် များအတွင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) စားသုံးဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

                မိတ္ထီလာမြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချနေသောအရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေးရာတွင် (Packing) ဖြင့် ‌‌ရောင်းချသော Meizan ၊ အမေထွား စိန်စီ၊ ရွှေတောင်နှင့် ရွှေပြည်စိုးကုန်အမှတ်တံဆိပ်ပါဆီများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန် ထားသော ၂/၂၀၁၉ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ ကုန်အညွှန်းအမှတ် အသားတွင်ဖော်ပြ ထားသည့် အလေးချိန်နှင့်ကိုက်ညီမှုရှိခြင်း ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များလည်းပါရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)