Main menu

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ Talk Show ဖြင့် အသိပညာပေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးနှင့် သာစည်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  ရမည်းသင်းမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်နံနက် (၁၀:၃၀) ချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် ရမည်းသင်းမြို့နယ်တာဝန်ခံ ဦးစန်းအောင် (ဒု-ဦးစီးမှူး) မှ Online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် အမိန့်ကြော် ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်ကြေညာခဲ့ကြောင်း၊Online Shopping ရောင်းချသူမည်သူမဆို မှတ်ပုံတင်လျှောက်ထားပြီးမှ လုပ်ကိုင်ရမည်။အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ၆လပြည့်သည့်နေ့မှစ၍ မှတ်ပုံတင်မရှိဘဲရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)အရ အရေးယူခံရ မည်ဖြစ်ကြောင်း၊ Online Shopping ရောင်းချသူများသည် မှတ်ပုံတင်မရှိဘဲ ရောင်းချပါက ဥပဒေအရ အရေးယူခံရနိုင်ခြင်း၊ စားသုံးသူများမှ မိမိလုပ်ငန်းအပေါ်  ဝယ်ယူအသုံး ပြုရန် ယုံကြည်စိတ်ချမှု မရှိနိုင် ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့်အတွက် မှတ်ပုံတင်ရန်လိုအပ်ကြောင်း၊ စားသုံးသူများမှလည်း Online မှ ပစ္စည်း တစ်ခုခုဝယ်မည်ဆိုလျှင် ရောင်းချသူတွင် မှတ်ပုံတင်ရှိ/မရှိ ၊ ငွေပေးချေမှုစနစ်များကို သေချာ စစ်ဆေးပြီးမှသာ ဝယ်ယူသင့်ကြောင်းစသည့််အချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည််။

DOCA(မန္တလေး)