Main menu

မလှိုင်မြို့နယ်အတွင်းရှိ ရေသန့်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ် တာဝန်ခံဦးရဲမြင့်ဆန်းသည်  စျေးကွက်အတွင်း တရားမဝင်သောက်ရေ သန့်များ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မလှိုင် မြို့နယ် အတွင်း စန်းမေတ္တာ ရေသန့်လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃   ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

          ရေသည်လူတို့၏နေ့စဉ်ဘဝတွင်မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြရန်ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားထည့်သွင်းလိုကြောင်း တင်ပြလာရာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)